Skip to main content

Posts

Showing posts from December, 2009

Invitation to Burma Conference on SPDC 2008 Constitution & its Consequences

We have the pleasure to cordially invite you and your company to attend the Seminar- to discuss the unilaterally adopted junta’s 2008 constitution and its consequences -in London, UK. The Constitution will also be discussed from the aspect of seeking criminal accountability and ending impunity in Burma, in line with the guidelines provided for in the Assembly of State Parties to the International Criminal Court, held in The Hague, the Netherlands, on November 16-26, 2009. Speaker: U Aung Htoo General Secretary Burma Lawyers’ Council (BLC) Date: 19.12.2009 (Saturday) and 20.12.2009 (Sunday) Time: 12:00 to 17:00 hour both days Venue: London South Bank University (LSBU), London Road London SE1 0AA Room: Castle Lecture Theatre Travel Guide: Waterloo and London Bridge are some of the nearest Over ground stations and the Elephant & Castle is the nearest London Underground station. Background: Daw Aung San Suu Kyi, Democratic and Ethnics groups say “NO” to 2008 constitution

Sharing: နိုင်ငံရေး အကျဉ်းသားတွေအရေး ဗြိတိန်လှုံ့ဆော်

မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ရေးအတွက် ရည်ရွယ်တဲ့ လှုပ်ရှားမှုအဖြစ် ဗြိတိသျှအစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာန ရဲ့ တရားဝင် အင်တာနက်စာမျက်နှာပေါ်မှာ ထင်ရှားတဲ့ မြန်မာနိုင်ငံရေး အကျဉ်းသားတွေရဲ့ ဓာတ်ပုံတွေနဲ့ သူတို့အကြောင်း မှတ်တမ်းအကျဉ်းကို စတင်ဖော်ပြနေပါတယ်။ ပထမဆုံးအနေနဲ့ မြန်မာအစိုးရက နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ထားတဲ့၊ အရှင်ဂမ္ဘီရ၊ မစုစုနွေး၊ မမီးမီး၊ ကိုမင်းကိုနိုင်၊ ကိုဇာဂနာတို့ရဲ့ ဓာတ်ပုံတွေကို မနေ့ကစတင်ပြီး အဲဒီအင်တာနက် စာမျက်နှာပေါ်မှာ တွေ့ရပါတယ်။ ဒီလှုပ်ရှားမှုကို ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့်အတူ၊ အေအေပီပီ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံ Burma Campaign UK နဲ့ Human Right Watch အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေကြတာဖြစ်ပြီး၊ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့အကြောင်းကို ဆက်တိုက် ဖော်ပြသွားဖို့ရှိတယ်လို့ သိရပါတယ်။ Via: BBC Burmese

Sharing: အပရိဟာနိယ တရားခုနှစ်ပါး

သုတ်မဟာဝါ ပါဠိတော် မဟာပရိနိဗ္ဗာနသုတ်၌ မြတ်စွာဘုရားသည် လိစ္ဆဝီမင်းသားတို့အား အကြောင်းပြု၍ အပရိဟာနိယ တရားခုနှစ်ပါးကို ဟောကြားတော်မူသည်။ ထိုအပရိဟာနိယတရားတို့ကား ... စည်းဝေးတိုင်ပင်ခြင်း အညီအညွတ်ဆောင်ရွက်ခြင်း ဥပဒေအတိုင်းကျင့်ခြင်း လူကြီးသူမတို့၏ အဆုံးအမ၌ တည်ခြင်း အမျိုးသမီးအား မနှိပ်စက်ခြင်း မြို့စောင့် ရွာစောင့်နတ်တို့အား ပူဇော်ခြင်း ရဟန္တာတို့အား စောင့်ရှောက်ခြင်း ဟူ၍ ဖြစ်လေသည်။ အပရိဟာနိယသည် မဆုတ်မယုတ် မပျက်မစီးနိုင်ခြင်းဟူ၍ အဓိပ္ပာယ်ရှိသည်။ ထို့ကြောင့် အပရိဟာနိယတရားကို တိုးတက်ရေးတရား ဟု ဆိုရမည်ဖြစ်သည်။ ထို တိုးတက်ရေးတရားတို့တွင် သန္နိပါတ တည်းဟူသော စည်းဝေးခြင်း၊ သမဂ္ဂ တည်းဟူသော အညီအညွတ်ဆောင်ရွက်ခြင်း၊ ပညတ္တတည်းဟူသော ဥပဒေပညတ်၍ အုပ်ချုပ်ခြင်းတို့သည် ယခုခေတ်၌ ဒီမိုကရေစီဟုခေါ်သော တရားတို့၏ အနှစ်သာရများဖြစ်လေသည်။ မြန်မာသစ်မဂ္ဂဇင်း (စက်တင်ဘာ ၂၀၀၉) ယောမင်းကြီး ဦးဖိုးလှိုင်၏ ရာဇဓမ္မသင်္ဂဟကျမ်း (မောင်ထင်) မှ ကောက်နုတ်ချက် တစ်ချို့ ဖြစ်ပါသည်။

Sharing: လူထုဒေါ်အမာ မကွယ်လွန်မီ ၈ လ အလိုက ပြောခဲ့တဲ့စကား

ဒို့ ဗမာပြည်မှာ လက်ရှိ ဒီ အုပ်ချုပ်ရေးမျိုးနဲ့ တသက်လုံး မသွားနိုင်ဘူး။ သွားလို့ရမှာ မဟုတ်ဘူး။ ဒီ ဗမာပြည်ကြီးက အင်္ဂလိပ် ဗြိတိသျှလက်အောက်၊ ဂျပန်လက်အောက်တွေမှာလည်း ကျွန်ခံခဲ့ဖူးတယ်။ ဖ.ဆ.ပ.လ တို့၊ မ.ဆ.ပ.လ တို့လို အုပ်ချုပ်ရေးတွေလည်း ရင်ဆိုင်ခဲ့ရဖူးတယ်။ အဲဒီခေတ်အဆက်ဆက် အုပ်ချုပ်သူတွေဟာ သူတို့ ခိုင်မြဲတယ်ဆိုသလောက်၊ ဒီမိုကရေစီ ပေးခဲ့ကြတယ်။ ဥပမာ ... အင်္ဂလိပ်တွေဟာ သူတို့ခိုင်မြဲတယ် ထင်သလောက် ၆၀ ကျပ်သား၊ ၇၀ ကျပ်သား ပေးခဲ့တယ်။ အဲဒါကြောင့် ဒီမိုကရေစီရဲ့ အရသာ ဘယ်လောက်ပေးရင် ဘယ်လောက်ခံစားရတယ်ဆိုတာကို သိလာခဲ့တယ်။ သိလာတော့ တိုးရအောင်လည်း ဒီမိုကရေစီ လမ်းကြောင်းပေါ်က တိုက်ယူတတ်ခဲ့တယ်။ အခုလို ဘယ်လောက်သားမှ မပေးခဲ့ဘဲ ဖိနှိပ်တာမျိုးကိုတော့လည်း အကြာကြီး ခံနိုင်ကြမှာ မဟုတ်ဘူး။ ဒို့မှာ ၁၉၈၈ ခု အရေးတော်ပုံအတွေ့အကြုံမျိုးကလည်း ရသင့်သလောက် ရခဲ့တယ်။ တန်ဖိုးရှိ အရည်အချင်းရှိတဲ့ ခေါင်းဆောင်ကောင်းတွေလည်း ထွက်ပေါ်လာခဲ့တယ်။ အဲဒါကြောင့် ဒီအုပ်ချုပ်ရေးမျိုးက အတိုင်းအတာ တခုအထိသာ ခံလိမ့်မယ်။ အတိုင်းအတာမရှိ ခံနေလိမ့်မယ်လို့ မထင်နဲ့။ လက်ရှိ ဒီကမ္ဘာကြီးကလည်း လုံးလုံး ပိတ်ဆို့ထားလို့ ရတာတော့ မဟုတ်ဘူး။ ဆက်သွယ်ရေး သတင်းနည်းပညာခေတ်ကြ

Top 10 Smart Phones of 2010 and 10 Best Mobile Phones in The World Today

ဒီနေ့ အင်တာနက်ပေါ်မှာ အချိန်တော်တော်များများ ဖုန်းနဲ့ပက်သက်တာတွေပဲ အတော်လေး ဖတ်ဖြစ်တယ်။ တစ်ခါတလေကျတော့လည်း အဲလို သရေလိုက်ကျရတာ အရသာတစ်ခု :D Video လေးတွေကြည့်လိုက် စာလေးတွေဖတ်လိုက်ပေါ့။ အခုခေတ်ဖုန်းတွေကလည်း တကယ့်ကို သရေကျချင်စရာတွေပါပဲ။ အထူးသဖြင့် smart phone တွေပေါ့။ လူတွေကို မပျင်းရအောင် မငြီးငွေ့ရအောင် တစ်မျိုးပြီး တစ်မျိုး Application တွေနဲ့ စွဲဆောင်ထားတယ်လေ။ အောက်က Video မှာတော့ Top 10 ပြေးနေတဲ့ smart phone တွေကို ပြထားပါတယ်။ ရှူ့စားကြည့်ပါဦး။ ကျွန်တော်သဘောအကျဆုံးကတော့ HTC Hero ပါပဲ။ Techradar.com မှာတော့ 10 Best Mobile Phones in The World Today ဆိုပြီး စာရင်းပြုစုပေးထားတာတွေ့ရပါတယ်။ Smart Phone တွေအပါအဝင် ဖုန်းတွေအားလုံးထဲမှာ လက်ရှိထိပ်ဆုံးရောက်နေတဲ့ ဖုန်းတွေကတော့ HTC Hero Apple iPhone 3GS BlackBerry Bold 9700 HTC HD2 Nokia N900 Palm Pre Samsung i8910 HD LG BL40 Chocolate Motorola DEXT Nokia 5530 XpressMusic ဒီ list ထဲမှာလည်း HTC လေးက ပါနေတယ်။ ပါနေတဲ့အပြင် ထိပ်ဆုံးပါရောက်နေသေးတယ်။ အဲဒီဖုန်းကိုတော့ တော်တော်ကြိုက်တယ်။ ဒုတိယ ကြိုက်တာကတော့ HTC HD2 ပဲ။ မြင်သာမြင် မကြင်နိုင်သေးဘူး။ နေ

နှစ်သက်မိသောကြော်ငြာများ (၅)

လူတွေကို ခြိမ်းခြောက်နေတဲ့ ရောဂါဆိုးကြီးပေါ့။ အကောင်သေးပေမဲ့ သေနတ်တွေ၊ လက်ပစ်ဗုံးတွေထက်ဆိုးတယ်။ ကြိုတင်ကာကွယ်ထားမှ တော်ကာကျမယ်။ Virus အကောင်ကို သေနတ်တွေ၊ လက်ပစ်ဗုံးတွေဆင်ထားတဲ့ Designer ရဲ့ idea ကို တော်တော်လေး သဘောကျတယ်။ ဒီလို ဒီဇိုင်းမျိုးဖန်တီးနိုင်ဖို့ တော်တော်လေး ကြိုးစားရဦးမယ်။ ဒါပေမဲ့ Practice makes perfect ! နောက်ကျရင် တင့်ကားတွေပါ ထည့်ပစ်လိုက်မယ် :P South Africa မှာ သေနတ်တွေ ဘယ်လောက်ပေါပေါလောလော လွယ်လွယ်ကူကူ ရသလဲဆိုတာကတော့ အောက်ပါ ကြော်ငြာက သက်သေပြနေပါတယ်။ Ephone 900 ရဲ့ Speed ကတော့ ဘာမြန်သလဲ မမေးနဲ့ ... မြွေနေခဲ့တော့ ... ကြော်ငြာကတော့ ကျော်အောင် ညာနေတာပဲ ... တကယ်ဟုတ်မဟုတ် သုံးကြည့်မှပဲသိနိုင်မယ်။ မြန်မာပြည်က သနပ်ခါးကြော်ငြာတွေလို ဝက်ခြံ၊ တင်းတိပ်၊ မှည့်ခြောက်ပျောက်တယ်ဆိုပြီး လိမ်းလိုက်တာ သူ့လိမ်းမှာ ပိုဆိုးလာသလိုမျိုး မဖြစ်ရင်တော့ တော်သေးတာပေါ့။ ဒါကြီးကတော့ အိုင်ဒီယာတော့ ကောင်းပါတယ်။ ဒါပေမဲ့ ရွံစရာကြီး :P နားကြပ်ကတော့ ရေရေလည်လည်ကောင်းတယ်။ အဲလို နားကြပ်ကောင်းလွန်းလို့ ကားတိုက်၊ ဆိုင်ကယ်တိုက်မှုတွေ ဖြစ်နေတာ အများကြီးပဲ။ မြန်မာပြည်မှာ အထူးသဖြင့် မန်းလေးလိုနေရာမျိုးမှာဆို ဖုန်းေ