Skip to main content

Posts

Showing posts from 2007

လွတ်လပ်ရေးနေ့ ဆန္ဒပြရန် နှိုးဆော်စာများ ပခုက္ကူတွင် ကပ်ပြန်ပြီ

မကွေးတိုင်း ပခုက္ကူမြို့တွင် လာမည့် လွတ်လပ်ရေးနေ့၌ သံဃာအားလုံး စုပေါင်း ဆန္ဒပြကြရန် နှိုးဆော်စာများ ယနေ့နံနက်က ကပ်ထားသည်။ လာမည့် နှစ် ၆ဝ ပြည့် လွတ်လပ်ရေးနေ့ ကျရောက်မည့် ၂ဝဝ၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ပခုက္ကူမြို့ရှိ သံဃာထုအနေဖြင့် စုပေါင်းဆန္ဒပြပွဲကို ပြန်လည်ဖော်ထုတ်ရန် ရွှေဝါရောင်တော်လှန်ရေး စတင်မြစ်ဖျားခံရာ ပခုက္ကူမြို့ရှိ မဟာဝိဇယာရာမ (အရှေ့တိုက်) မြောက်ဘက်မုခ်တွင် နှိုးဆော်စာများ ကပ်ထားခြင်း ဖြစ်သည်။ “ဒီနေ့မနက် မြောက်ဖက်မုခ်မှာ ဇန်နဝါရီ ၄ ရက်နေ့ ဆန္ဒပြဖို့ စာတွေ ကပ်ထားတယ်။ ကိုရင်တွေ ဦးဇင်းတွေတော့ သွားဖတ်ကြတာပဲ” ဟု စာသင်တိုက်ကြီးမှ စာချဆရာတော် တပါးက မိန့်ကြားသည်။ နှိုးဆော်စာများ ကပ်ပြီး မကြာမီအချိန်အတွင်းမှာပင် ဒေသခံ ရဲများက လာရောက် ခွါယူသွားခဲ့သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်နေ့ကလည်း ကံဆောင်သပိတ် ပြန်လည်လုပ်ဆောင်ရန် နှိုးဆော်စာများကို ပခုက္ကူမြို့ ကျောင်းတိုက်များအနီး၌ ကပ်ထားခဲ့သည်။ စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည့် ရွှေဝါရောင် တော်လှန်ရေးအား နအဖ က အကြမ်းဖက် ဖြိုခွဲခဲ့ပြီး ရန်ကုန်နှင့် အခြားမြို့နယ်များရှိ ကျောင်းတိုက်များသို့ ဝင်ရောက်စီးနင်းကာ စာသင်သား သံဃာများကို နေရပ်သို့ပြန်ရန် အတင်းအကျပ်

ရွှေဝါရောင် တော်လှန်ရေး ဗီစီဒီခွေများ ရန်ကုန်တွင် ပြန့်နှံ့

စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် ရွှေဝါရောင် လှုပ်ရှားမှုအကြောင်း မှတ်တမ်း တင်ထားသည့် ဗီစီဒီ တိပ်ခွေများကို တက်ကြွ လှုပ်ရှားသူများက ယမန်နေ့ညပိုင်းက ရန်ကုန်မြို့အတွင်း လိုက်လံ ဖြန့်ဝေမှုများ ရှိခဲ့သည်။ ရန်ကုန်တိုင်း ပုဇွန်တောင် မြို့နယ် ပုဇွန်တောင်ဈေးနှင့် ကျောက်တံတားမြို့နယ် အနော်ရထာလမ်းနှင့် လမ်း ၃ဝ၊ ၃၂ လမ်းတလျှောက်တွင် အဖွဲ့ငယ်များက စက်တင်ဘာလ သံဃာလူထု လှုပ်ရှားမှု ဆန္ဒပြပွဲများကို မှတ်တမ်း တင်ထားသည့် ဗီစီဒီခွေများကို ယမန်နေ့ ညနေပိုင်းမှ စတင်၍ လိုက်လံ ဖြန့်ဝေနေသည်ဟု သိရခြင်း ဖြစ်သည်။ ဤလှုပ်ရှားမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို ထုတ်ဖော် ကျေညာခြင်း မရှိသေးပါ။ “အနော်ရထာလမ်းဘက် လမ်း ၃ဝ၊ ၃၂ လမ်းမှာဆိုရင် အိမ်ပေါ်တွေထိကိုပါ စီဒီခွေတွေနဲ့ လက်ကမ်းစာစောင် လှုံ့ဆော်စာတွေကို အခန်းတံခါး ကြားတွေမှာ ညှပ်ထားခဲ့တာတွေ ရှိတယ်။ စီဒီခွေတွေကတော့ ပြီးခဲ့တဲ့လ အရေးအခင်းတုန်းက သံဃာတော်တွေ ဆန္ဒပြခဲ့တဲ့ ပုံတွေ၊ အနှိပ်စက်ခံရတဲ့ ဗီဒီယိုခွေတွေပါ။ ပုဇွန်တောင်ဘက်မှာ မနေ့ နေ့လည်ပိုင်းက ဈေးထဲမှာလည်း လိုက်ဖြန့်ဝေနေတယ်” ဟု ရန်ကုန်မြို့ ဒေသခံ တဦးက ပြောသည်။ အခြား ဒေသခံ တဦးကလည်း ဗီစီဒီခွေ ဖြန့်ဝေမှုအကြောင်း ကြားသိရသော်လည်း

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန

၈၈ ခေါင်းဆောင် ကိုဌေးကြွယ် အဖမ်းခံရ

အရေးပါသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ် အပါအဝင် တက်ကြွ လှုပ်ရှားသူ ၄ ဦးကို စစ်အစိုးရက ယနေ့ နေ့လည်က ဖမ်းဆီးလိုက်သည်ဟု ဒေသခံများက ပြောကြသည်။ အရေးပါသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ် အပါအဝင် တက်ကြွ လှုပ်ရှားသူ ၄ ဦးကို စစ်အစိုးရက ယနေ့ နေ့လည်က ဖမ်းဆီးလိုက်သည်ဟု ဒေသခံများက ပြောကြသည်။ ကိုဌေးကြွယ်၊ မမီးမီး၊ ကိုအောင်သူနှင့် အခြား တယောက်ကို ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။ “အပြင်တခု တနေရာကိုပေါ့ ရွှေ့နေတာနဲ့ တူတယ် ပါတယ် လမ်းမပေါ်မှာလို့ ပြောတယ် လေးယောက် ဆိုပြီးတော့ ပြောတယ်။ ကိုဌေးကြွယ်၊ မမီးမီး၊ ကိုအောင်သူ ဒါပဲ သိတယ်။ ကျန်တာတော့ ပါသွားတာပဲ သိတယ်။” ဟု အမည်မဖော်လိုသူ ရန်ကုန်မြို့ခံ တဦးက ပြောသည်။ စစ်အစိုးရက ပိုက်စိတ်တိုက် လူဖမ်းပွဲ ကျင်းပပြီး တယ်လီဖုန်းလိုင်း အများအပြား ဖြတ်တောက်ထားသည့် အတွက် သီးခြား အတည်ပြုချက်များ မရနိုင်ဘဲ ရှိသည်။ သို့သော် အခြားသော မြို့ခံတဦးကလည်း ဖမ်းဆီးခံရသည့်သတင်း ကြားသိရကြောင်း ပြောကြားပြီး နောက်တဦးမှာ ကိုကို ဖြစ်သည်ဟု ဆိုသည်။ သြဂုတ်လ ၂၁ ရက်နေ့က ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ ဖြစ်သည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ အပါအဝင် ခေါင်းဆောင် ၁၃ ဦး ဖမ

စက်တင်ဘာ ၂၄ ရက် မန္တလေးမြို့ သံဃာတော်များ လှည့်လည်မှုအခြေအနေ

စက်တင်ဘာ ၂၄ ရက်နေ့ ယနေ့ သံဃာတော်များ စီတန်းလှည့်လည်မှုအခြေအနေဖြစ်ပါတယ်။ နေရာကတော့ 32 လမ်း၊ 81 လမ်းနှင့် 82 လမ်းကြားဖြစ်ပါတယ်။

ခွင့်ပြုပါ

ကျွန်တော် ဘလော့ရေးခြင်းကိစ္စကို ခေတ္တရပ်နားထားပါဦးမည်။ လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးကို ခင်မင်လေးစားလျှက် CMS

Eric Schmidt Defines Web 3.0

Google CEO Eric Schmidt launched into a great definition of Web 3.0 at the Seoul Digital Forum . He said that while Web 2.0 was based on Ajax , Web 3.0 will be "applications that are pieced together" - with the characteristics that the apps are relatively small, the data is in the cloud, the apps can run on any device (PC or mobile), the apps are very fast and very customizable, and are distributed virally (social networks, email, etc). via : readwriteweb Tags: web3.0 , web2.0 , Google CEO , Eric Schmidt , ajax , seoul digital forum

ငါ့အပြစ်နဲ့ ငါပါပဲ

ကျွန်တော်သည် ဘလော့ပို့စ်များ၌ သူငယ်ချင်းတို့၏ ဘလော့လိပ်စာများ၊ website link များ၊ သီချင်းများ၊ ရည်ညွှန်းချက်ပါသော လေ့လာရန်ကောင်းသည့် ဆိုဒ်များကို အပင်ပန်းခံကာ စာရင်းလုပ်ခဲ့ဖူး၏။ ဤလင့်ခ်များကို ယခုအခါ ဘလော့တော်တော်များများ၌ တွေ့နေရလေသည်။ သို့သော် ၀မ်းနည်းစရာကောင်းသည်ကား link များ သီချင်းများကို စိတ်ရှည်စွာ ပြုစုပေးထားသူ ကျွန်တော်မျိုး၏ နာမည် ပျောက်နေလေချေ၏။ ကျွန်တော် နေ့တစ်နေ့အတွက် အထူးခံစားရေးသားသည့် ပို့စ်တစ်ခု၌ပါဝင်သော စာလုံးတစ်ချို့(quote တစ်ချို့)ကို မြန်မာ website တစ်ခု၌ ကိုးကားစာသားအနေဖြင့် ထည့်သွင်းထားသည်ကို တွေ့မြင်ရပါသည်။ ကျွန်တော့်ဘလော့လေးကို ညွှန်းထားသည့်အတွက်တော့ ပျော်ရွှင်မိပါသည်။ သို့သော် ... ခွင့်ပြုချက်လေးပါတောင်းပြီး ထည့်လိုက်ခြင်းအားဖြင့် နှစ်ဦးနှစ်ဘက် ပိုမိုအဆင်ပြေသွားလိမ့်မည်ဟု ယုံကြည်မိပါသည်။ ကျွန်တော် ယခုကဲ့သို့သော အကြောင်းအရာများ၊ အလားတူ ပြဿနာများကို ဥပမာများစွာ ကိုယ့်ရှေ့မှာတွေ့မြင်ပြီးသည် ဖြစ်ရာတကား ဆက်လက်၍ မရေးသား မပြောပြချင်တော့ပါ။ ကျွန်တော်သည် ဘလော့တစ်ခု၏ ပို့စ်တစ်ခု၌ comment ရေးပေးခဲ့ဖူးသည်။ အခုတလော အလုပ်ရှုပ်နေသောကြောင့် အဲဒီဘလော့ကို မရောက်ဖြစ်တာကြာခဲ့လေပြ

အကောင်းဆုံးလက်ရာ ဖြစ်ပါစေ

စာရေးဆရာ ဖေမြင့် ရေးသားတဲ့ "စာဖတ်သမား၏မှတ်စုများ" စာအုပ်မှ အမေရိကန် လူမည်းခေါင်းဆောင်ကြီးတစ်ဦးဖြစ်တဲ့ မာတင်လူသာကင်း (MartinLutherKing Jr -1929-68) ရဲ့ quote လေးကို မျှဝေချင်ပါတယ်။ Whatever your life's work is, do it well. A man should do his job so well that the living, the dead and the unborn could do it no better. သည်ဘ၀မှာ ဘာအလုပ်ကိုပဲလုပ်လုပ် လုပ်ကိုင်နေသည်ဖြစ်စေ အဲသည်အလုပ်ကို ကောင်းအောင်လုပ်ပါ။ ဘယ်သူမဆို ကိုယ့်အလုပ်နဲ့ ပက်သက်လာရင် တခြားသက်ရှိလူတွေရော၊ ကွယ်လွန်ပြီးတဲ့ ပုဂ္ဂိုလ်များနဲ့ မမွေးဖွားသေးတဲ့သူများပါ ကိုယ့်ထက်ဘယ်လိုမှ မသာနိုင်အောင် အကောင်းဆုံး လုပ်ဆောင်သင့်တယ်။

Solve your computer problems

tucows.com - ကွန်ပျူတာအသုံးပြုတဲ့သူတွေအနေနဲ့ software ပြဿနာတွေ တက်လာတဲ့အခါမှာ သူများကို မေးနေစရာမလိုပဲ ကိုယ်တိုင် အင်တာနက်မှာ solution တွေကို ရှာဖွေပြီး လုပ်ဆောင်နိုင်တဲ့ website လေးတစ်ခုပါ။ အဓိကအနေနဲ့ ဘယ်လိုလုပ်ရသလဲ ဆိုတဲ့ How to stuff တွေပေါ်မှာ အခြေခံထားပါတယ်။ ကိုယ်ပိုင်မေးခွန်းတွေ မေးချင်တယ်ဆိုရင်တော့ signup လုပ်ဖို့လိုပါတယ်။ answer.yahoo.com - yahoo answer website ကတော့ တော်တော်များများ လူသိပြီးသားဖြစ်ပါတယ်။ ask, answer, discover ဆိုတဲ့ ခေါင်းစဉ်သုံးခုကို အခြေခံထားပါတယ်။ ကွန်ပျူတာနဲ့ ပက်သက်တဲ့ solution တွေတင်မဘဲ ကျန်မာရေး၊ ပညာရေး၊ လူမှုရေး စတဲ့ Topic ပေါင်းစုံ ပါဝင်မေးမြန်းဖြေဆိုနိုင်တဲ့ ဗဟုသုတ ဟင်းလေးအိုးကြီးဆိုရင်လည်း မမှားပါဘူး။ သူလည်း tucows လိုပဲ မေးခွန်းမေးဖို့အတွက်ကိုတော့ signup လုပ်ဖို့လိုအပ်ပါတယ်။ အထက်ပါပုံစံမျိုး website လေးတွေ သိခဲ့ရင်လည်း comment ၀င်ပေးထားခဲ့နိုင်ပါတယ်။ ကျွန်တော် ဆက်လက်ပြီး ဖြည့်စွက်သွားပါ့မယ်။ ပြဿနာ အခက်အခဲများ အားလုံး ပြေလည်နိုင်ပါစေ Tags: how to stuff , yahoo answer , tucows

အကျင့်လေးတွေ စိတ်ဓာတ်လေးတွေ

ကျွန်တော်အပါအ၀င် လူတစ်ချို့ပေါ့ ... တိုက်၊ အိမ် အကြီးကြီးတွေ၊ ကား အကောင်းစားကြီးတွေကို ပိုင်ချင် စီးချင်စိတ်တွေ များနေကြတယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင် ရှိရင်းစွဲ "စိတ်ဓာတ်"လေးကိုကျတော့ ဘယ်လို မွန်မြတ်သန့်စင်အောင်ထားမလဲ၊ ဘယ်လို မြင့်မားကြီးကျယ်အောင် ကြံစည်အားထုတ်ရမလဲဆိုတာကိုကျတော့ မလုပ်ချင်ကြဘူး။ မဟာဂန္ဓာရုံဆရာတော်ကြီး ရေးထားတာ ရှိပါတယ်။ "စိတ်ကောင်းရှိဖို့က ပထမ" ကျွန်တော်အပါဝင် လူတစ်ချို့ပေါ့ ... ကိုယ့်ထက် သာတဲ့လူ၊ ကိုယ့်ထက်ချမ်းသာတဲ့သူ၊ ကိုယ့်ထက် ရာထူးဂုဏ်ရှိန်ဝါ မြင့်တဲ့သူတွေကို မနာလို စိတ်ကလေးများက auto ဖြစ်ဖြစ်လာတတ်တယ်။ သူတို့ ဘယ်လို ကိုယ့်ထက်သာအောင် ကြံစည်အားထုတ်ခဲ့သလဲ၊ ဘယ်လို ချမ်းသာအောင် ကြိုးစားခဲ့သလဲ၊ ဘာတွေ ပေးဆပ်ခဲ့ရသလဲ ဆိုတာတွေကိုကျတော့ မေးမြန်းပြီး လိုက်လံကျင့်ကြံ အားမထုတ်ချင်ကြဘူး။ "သူ့လို ချမ်းသာချင်လိုက်တာ" လို့ပဲ ပြောကြတာများတယ်။ "သူ့လို ချမ်းသာအောင် ဘယ်လိုမျိုး ကြိုးစားရမလဲ" ဆိုပြီး တွေးတော စဉ်းစားတဲ့သူ အတော်ကို နည်းပါတယ်။ မှတ်ချက်။ ။ ကိုယ့်ကိုယ်ကို သတိပေး ဆုံးမတဲ့အနေနဲ့ ရေးသားထားခြင်းသာ ဖြစ်ပါတယ်။ တိုက်ဆိုင်မှုများရှိပါက ခွင့်လွှတ်ပါ

Why I blog?

ဘာလိုလိုနဲ့ ဘလော့ရေးနေတာတောင် တစ်နှစ်ကျော်သွားပြီ။ ကျွန်တော် လန်ဒန်ကို မရောက်ခင် နှစ်လ သုံးလ လောက်ကတည်းက စပြီး ဘလော့ကိုထိတွေ့မိတယ်။ အဲဒီတုန်းကတော့ ဆရာတုံ နဲ့ ဆရာဆန်းဦး တို့က စပြီး သုံးနေပြီ။ ဆရာတုံကတော့ ဆက်တိုက်ရေးတယ်။ ဆရာဆန်းကတော့ အစက မအားလို့လား မသိဘူး နည်းနည်းပဲရေးပြီး တင်ထားတယ်။ နောက်ပိုင်းမှ ရေးလာတယ်။ ကျွန်တော် စရေးခါစ (သို့) ဘလော့နဲ့စပြီး ထိတွေ့ခါစက ဘလော့ဆိုတာ ဘာလဲလို့ ကောင်းကောင်းနားမလည်သေးဘူး။ နောက်ပိုင်းမှ ဘလော့တွေကို လိုက်ဖတ်ရင်း ဘလော့ရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို သိလာတယ်။ ကိုယ်တိုင်လည်း personal blog လေးတစ်ခု လုပ်ချင်စိတ်လည်း ဖြစ်ပေါ်လာမိတယ်။ ဒီလိုနဲ့ပဲ ကျွန်တော်နဲ့ ဘလော့ ဇာတ်လမ်းစဖြစ်ခဲ့တယ် ဆိုပါတော့။ ဘလော့နဲ့ ထိတွေ့ပြီး နှစ်လလောက်လည်း နေရော ကျွန်တော်ချစ်တဲ့ မန္တလေးတင်မကပဲ မြန်မာနိုင်ငံကပါ စွန့်ခွာပြီး နိုင်ငံခြားကို ရောက်လာခဲ့တယ်။ နိုင်ငံရပ်ခြားကိုလည်းရောက်ရော သူငယ်ချင်းခင်မင်တတ်တဲ့ ကျွန်တော့်အတွက် ပေါင်းစရာသူငယ်ချင်းအဖော်ကလည်း မရှိတော့ ကျွန်တော့်ရဲ့အဖော်က ဘလော့ ဖြစ်လာတယ်။ ဘလော့မှလွဲပြီး ပေါင်းစရာ သူငယ်ချင်းလည်း မရှိ။ အဲဒီအချိန်တွေကိုတော့ ပြန်ကို မတွေးချင်တော့ဘူး။ ဒါနဲ့ပ

ဘုန်းဘုန်းဦးဥတ္တရ ရွှေရတု မွေးနေ့မင်္ဂလာ

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ ကောလင်းဒေးမြို့နယ် သာသနာ့ရံသီ ၀ိဟာရကျောင်း ဆရာတော် ဦးဥတ္တရ၏ သက်တော် (၅၀) ပြည့်မွေးနေ့ မင်္ဂလာနှင့် ၀ါဆိုသင်္ကန်း ကပ်လှူပွဲကို ဒီနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ လန်ဒန်မြို့ပေါ်ရှိ မြန်မာဘုန်းကြီးကျောင်းများမှ ဘုန်းတော်ကြီးများလည်း ကြွရောက်ချီးမြင့်ခဲ့ကြပါတယ်။ မြန်မာပရိတ်သတ်များအတွက် မြန်မာတို့အကြိုက် ရှမ်းခေါက်ဆွဲနှင့် အကြော်စုံများဖြင့် တစ်နေကုန် ကျွေးမွေးခဲ့ပါတယ်။ မွေးနေ့ပွဲမတိုင်ခင်ကတည်းက ရောက်နှင့်နေတဲ့ ကျွန်တော့်အတွက်တော့ ၂၈ ရက်နေ့ ညနေကတည်းက လုပ်အားပေးခဲ့တယ်။ ၂၈ရက်နေ့ ဘလော့သတင်းများအရ မန္တလေးမှာ ၀ါဆိုခြင်းခတ်ပွဲတွေကို တွေ့လိုက်ရတယ်။ ဒါနဲ့ ကျွန်တော်တို့လည်း လူစုပြီး ခြင်းခတ်ခဲ့ကြသေးတယ် :) ဓာတ်ပုံတွေကိုတော့ ဆရာတေးက တောက်လျှောက်ကိုတင်ထားတယ်။ သူ့ဘလော့မှာလည်း သွားရောက်ကြည့်ရှူ့နိုင်ပါတယ်။ ကျွန်တော်ကတော့ မွေးနေ့ပွဲမှာ ၀ါဆိုသင်္ကန်းတစ်စုံကပ်လှူခဲ့တယ်။ နောက်ပြီး ဧည့်သည်ပရိတ်သတ်များစားဖို့ အကြော် ကြော်ပြီးလုပ်အားပေး ကုသိုလ်ယူခဲ့တယ်။ အကြော်ကတော့ ကောင်းတယ်လို့ပြောကြတယ်။ ကျွန်တော်က ကြော်ပဲ ကြော်တာ။ အကြော်မှုန့်စပ်တာ ဖျော်တာက တစ်ယောက် :D ဘာပဲ ဖြစ်ဖြစ် ကြော်တာပဲပေါ့။ ေ

Free Wav Recorder

All2WAV - သီချင်းတွေ အသံတွေကို Play လုပ်ရန် ဒါမှမဟုတ် Recording လုပ်ရန် အသုံးပြုနိုင်တဲ့ Free Ware လေးတစ်ခု ပါ။ Microphone, Internet streaming video, games (သို့) media files တို့မှအသံများကို recording ကောင်းမွန်စွာ လုပ်ပေးနိုင်ပါတယ်။ record လုပ်လို့ရလာတဲ့ format ကတော့ wav format ဖြစ်ပြီး sound quality (from 8000 Hz 8-bit Mono to 48000 Hz 16-bit Stereo) ကိုလည်း သတ်မှတ်ပေးနိုင်ပါတယ်။ screenshot တွေကို ဒီမှာ ကြည့်နိုင်ပါတယ်။ Minimum requirements: 1) Windows 95/98/ME/NT 4.0/2000/XP/2003. 2) About 3 Meg of disk space. 3) Sound card.

၃၈ ဖြာ မင်္ဂလာ (သို့) မင်္ဂလာတရားသည် ကြီးပွားခြင်း၏ အကြောင်းဖြစ်၏

ဆရာတေး က ကျွန်တော့်ကို ၃၈ ဖြာ မင်္ဂလာနဲ့ ပက်သက်ပြီး Tag လုပ်ထားတာကြောင့် ဒီပို့စ်ကို ရေးဖြစ်သွားပါတယ်။ အမှန်အတိုင်း ပြောရရင်တော့ တရားနဲ့ ပက်သက်တဲ့ အလုပ်တွေ ဘာသာရေးအလုပ်တွေကို အခုနောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ ပိုပြီး သက်ဝင်ယုံကြည်လာတယ်။ အရင်တုန်းကဆိုရင် မနက်မိုးလင်းတိုင်း သီချင်းဖွင့်တတ်တဲ့ ကျွန်တော်၊ အခုဆိုရင် မနက်အိပ်ယာထတိုင်း ပရိတ်ကြီး ၁၁ သုတ်ကို အမြဲဖွင့်ပြီး တရားနာတယ်။ ကျွန်တော်တို့တွေ လူ့ပြည်က ထွက်ခွာသွားရင် ရာထူးတွေ စည်းစိမ်တွေ ဥစ္စာပစ္စည်းတွေက ယူသွားလို့ မရဘူး။ တရားနဲ့ကုသိုလ်တွေကပဲ နောင်ဘ၀အထိ ပါသွားမှာ မဟုတ်လား။ နောက်ပြီး အင်္ဂါနေ့နှင့် တနင်္ဂနွေနေ့တိုင်းမှာလည်း ဘုန်းကြီးကျောင်းမှာ ပရိတ်တွေ ပဌာန်းတွေ ရွတ်ကြတယ်။ နောက်ပိုင်း လုပ်ရင်း လုပ်ရင်း စိတ်ထဲမှာ ပိုပြီး ကြည်လင်လာပြီး အေးချမ်းမှုကို ခံစားရတယ်။ တရားတော်တွေကို ဆုံးမပြသပေးတဲ့ လန်ဒန် သာသနာ့ရံသီကျောင်းက ဆရာတော် ဦးဥတ္တရ၊ ဦးသီ၊ ဦးကေ တို့ရဲ့ တရားဂုဏ်ကျေးဇူးတွေကလည်း အင်မတန်ကြီးမားပါတယ်။ အခု ၃၈ ဖြာမင်္ဂလာနဲ့ ပက်သက်ပြီး ဆရာတေးရဲ့ ဘလော့မှာ တော်တော်များများပါပြီးပါပြီ။ သူ ဖော်ပြထားတာတွေ ရေးသားထားတာတွေကလည်း တော်တော်လေးပြည့်စုံလှပါတယ်။ ကျွန်တော

Online FLV Converter

Vixy.net (online video conversion service)- YouTube movie တွေ ဒါမှမဟုတ် FLV file တွေကို ကြိုက်နှစ်သက်ရာ အောက်ပါ format တွေကို ပြောင်းလဲပေးနိုင်တဲ့ service တစ်ခုပါ။ AVI for Windows (DivX + MP3) MOV for Mac (MPEG4 + MP3) MP4 for iPod/PSP (MPEG4 + AAC) 3GP for Mobile Mp3 (Audio only) Updated: 31.July.07 http://vConvert.net မှာလည်း အသုံးပြုနိုင်ပါတယ်။ credit to: prince Tags: online video conversion , video converter , vixy.net , online converter

ခွေးဟောင်တိုင်း ကျောက်ဆောင်မပြိုပါဘူး

အခုတစ်လော မြန်မာဘလော့ဂါ အထူးသဖြင့် မန္တလေးဘလော်ဂါတို့၏ cbox များ၌ "မန္တလေးဘလော်ဂါတွေကို ကျိုင်းထောက်တပ်တဲ့ ကိုယ်တော်တွေ စောင့်ကြည့်နေကြပြီ၊ သတိထားကြပါ" ဟုဆိုပြီး လူတစ်ယောက် ၀င်ဝင်အော်သွားတာ တွေ့နေရပါတယ်။ IP address ကိုကြည့်လိုက်တော့ UK ကဖြစ်နေတယ်။ ယုံတောင် မယုံချင်ဘူး။ သူက UK မှာရှိတာ ဘယ်နှယ့်ကြောင့် မန္တလေးက အကြောင်းတွေကို သိနေရတာလည်း ? စဉ်းစားစရာ။ နောက်ပြီး တစ်ခုရှိတာက ... ip address ဆိုတာက အခုနောက်ပိုင်း နည်းပညာတွေတိုးတက်လာတာနဲ့ အမျှ ip တွေကို ပလီပြီး ပြောင်းထားလို့ရပါတယ်။ ဥပမာ ... Hide IP လို software တွေကိုသုံးပြီး ၀င်မယ်ဆိုရင်တော့ အဲဒီလူရဲ့ original ip ကိုသိဖို့မလွယ်ပါဘူး။ အဲဒါကြောင့် ဘယ်ဟာမှ ပုံသေတော့ တွက်ထားလို့ မရနိုင်ပါဘူး။ ထားပါလေ။ အဓိက ပြောချင်တာကတော့ ဘလော့ဆိုတာ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိတဲ့နေရာ၊ ကျိုင်းထောက်တပ် ကိုယ်တော်တွေ စောင့်ကြည့်နေတိုင်းသာ ဘလော့မရေးရဘူးဆိုရင်တော့ ငုတ်တုတ်မေ့ရုံပဲ ရှိတော့မပေါ့။ ဘလော့ဆိုတာ ကိုယ့်ရဲ့ စိတ်ဖြေရာ၊ နည်းပညာဖြန့်ဖြူးရာ၊ ပညာဆည်းပူရာ စသည်ဖြင့် လိုသလို အသုံးပြုနိုင်တဲ့ အင်တာနက်ပေါ်က နေရာလေးပါ။ သတိပေးတာတွေ ခြိမ်းခြောက်တာတွေကိုတော့ ဘယ်သူမှ လ

Happy Birthday Ju Ju

သူငယ်ချင်း Ju Ju ... ဒီနေ့မှာ ကျရောက်တဲ့ မင်းရဲ့မွေးနေ့မင်္ဂလာရက်မြတ်မှသည် နောင်နှစ်ပေါင်းများစွာတိုင် စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းတို့နှင့် ပြည့်စုံပြီး ဘ၀ရဲ့ အောင်မြင်မှုပန်းတိုင်ကို မလွဲသေ ဧကန်မုတ်ချရောက်အောင် ကြိုးစားအားထုတ်နိုင်တဲ့ လူတော်လူကောင်းတစ်ယောက် ဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။ [ ဘဲ ချောချောလေးလည်း ရပါစေ :P ... မုန့်ကတော့ ပြီးမှစားတော့မယ် :D ] Tags: friend's birthday , birthday , remembrance

Mandalay and Bloggers

ဒီနေ့ မန္တလေးမှာ Everything is Bloggable ဆိုတဲ့ seminar နဲ့အတူ ဘလော်ဂါတွေ ဆုံဆည်းတဲ့ပွဲလေးတစ်ခု လုပ်ခဲ့ကြပါတယ်။ မန္တလေး အခြေစိုက် ဘလော့ဂါတော်တော်များများ တက်ရောက်ကြတာတွေ့ရပါတယ်။ တကယ်ကို ပညာရတဲ့ ပွဲလေးတစ်ခု ဖြစ်ခဲ့သလို ပျော်ရွှင်စရာကောင်းတဲ့ ပွဲလေးတစ်ခု ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီပွဲက ဓာတ်ပုံတွေကို ကြည့်တော့ ကျွန်တော့်ဆရာ နှစ်ယောက်ဖြစ်တဲ့ ဆရာတုံ ၊ ဆရာစစ်ကိုင်း တို့နှင့်အတူ အွန်လိုင်းမှ ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းများကိုလည်း တွေ့လိုက်ရပါတယ်။ မန္တလေးဘလော့ဂါတွေက တကယ့်မင်းသား မင်းသမီးတွေဆိုတာ ဓာတ်ပုံတွေ့မှပဲ သိတော့တယ် :) ကျွန်တော်မန္တလေးမှာ ရှိရင်တော့ အဲဒီပွဲလေးကို တက်မိမှာ မလွဲမသေပါပဲ။ ဟိုတစ်လောက ရန်ကုန်မှာ ဘလော့ဂါ မီတင်တွေလုပ်တုန်းကလည်း စိတ်ထဲမှာ သွားချင်စိတ်တွေဖြစ်နေမိတယ်။ အွန်လိုင်းမှာ ခင်မင်ခဲ့ရတဲ့သူတွေကို အပြင်မှာတွေ့ပြီး ရင်းရင်း နှီးနှီး စကားပြောချင်စိတ်လည်း ဖြစ်ပေါ်မိပါတယ်။ အဲဒီလို လုပ်ခြင်းအားဖြင့် Blogger တွေ Forumer တွေကြားမှာ ရင်းနှီးမှုတွေ ပိုမို ရရှိသွားလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ ကျွန်တော်တို့ ယူကေမှာတော့ အားလုံးပေါင်းလိုက်လို့ ဆယ်ဂဏန်းလောက်ပဲ ရှိပါတယ်။ ကျွန်တော်တကယ်အပြင်မှ

Anyway - မည်သို့ပင်ဖြစ်စေ

ဆရာဖေမြင့်ရေးသားသည့် "စာဖတ်သမား၏ မှတ်စုများ" စာအုပ်မှ ကျွန်တော်နှစ်သက်သည့် ဘ၀လမ်းညွှန် ဒဿာနတစ်ခုကို (English/Myanmar) နှစ်ဘာသာလုံးဖြင့် မျှဝေချင်ပါတယ်။ ဖတ်ရှူ့ရုံတင်မကပဲ စဉ်းစားဆင်ခြင်ကြည့်စေချင်ပါတယ်လို့ ဆရာဖေမြင့်က တိုက်တွန်းရေးသားထားပါတယ်။ Anyway ("The Paradoxical Commandments " was written by Dr. Kent M. Keith in 1968.) People are unreasonable, illogical and self-centered. Love them anyway. If you do good, people will accuse you of selfish ulterior motives, Do good anyway. If you are successful, you will win false friends and true enemies. Succeed anyway. Honesty and frankness make you vulnerable. Be honest and frank anyway. The good you do today will be forgotten tomorrow. Do good anyway. The biggest people with the biggest ideas can be shot down by the people with the smallest minds. Think big anyway. People favor underdogs but follow only top dogs. Fight for some underdogs anyway. What you spend years building may be destroyed overnight. Build anyway. Give t

Dictionary Extensions for Firefox

Internet ကနေ ကျွန်တော်တို့ နေ့စဉ်နှင့်အမျှ အချက်အလက်တွေကို ရှာဖွေ ဖတ်ရှူ့ မှတ်စုလုပ်နေကြရပါတယ်။ "သတင်းစာတစ်ရက် မဖတ်ရင် တစ်ရက်ခေတ်နောက်ကျတယ်" ဆိုသလိုပဲ အင်တာနက် တစ်ရက်မကြည့်ရင်လည်း အဲဒီထက်ပိုပြီး ခေတ်နောက်ကျသွားမယ်တောင် ထင်ပါတယ်။ အချက်အလက်တွေရှာဖွေတဲ့အခါမှာ ကျွန်တော်တို့ အဓိကကြုံတွေ့နေရတာက English စာ အခက်အခဲပါ။ အဓိကကတော့ ကိုယ်မသိတဲ့ စာလုံးပေါင်း အဓိပ္ပယ်တွေကို နားလည်ဖို့လိုပါတယ်။ အဲဒီလို အခက်အခဲတွေကို အဆင်ပြေဖို့အတွက် Dictionary တွေကို အသုံးချရပါတယ်။ Dictionary သုံးတဲ့အခါမှာ စာအုပ်နဲ့ကြည့်တာ ရှိသလို အင်တာနက်သုံးရင်းနဲ့ Online Dictionary site တွေမှာ သွားရောက်ရှာဖွေတာလည်း ရှိပါတယ်။ အခုပြောမယ့် firefox extension တွေကို သုံးမယ်ဆိုရင် စာလုံးပေါင်းတွေကို အဲလိုမျိုး တကူးတကသွားပြီး ရှာဖွေစရာ မလိုပါဘူး။ click လုပ်ရုံနဲ့ ကိုယ်သိချင်တဲ့ result ကို ဖော်ပြပေးမှာဖြစ်ပါတယ်။ 1. Dict - ဒီ extension ကို install လုပ်ပြီး ရှာဖွေရတာလွယ်ကူပါတယ်။ ကိုယ်သိချင်တဲ့စာလုံးကို highlight လုပ်၊ နောက် .. right click လုပ်ပြီး ကြည့်ရုံပါပဲ။ ဥပမာ .. "blog" ဆိုတဲ့စာလုံးကို hightlight လုပ်ပြီး right cl

၆၀ နှစ်မြောက် အာဇာနည်နေ့

ဒီနေ့ဟာ မြန်မာပြည်မှာဆိုရင် အစိုးရ ရုံးပိတ်ရက် တစ်ရက်ဖြစ်သလို ပြန်စဉ်းစားကြည့်မယ်ဆိုရင် ၀မ်းနည်းအောက်မေ့ဖွယ်ကောင်းတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။ မနှစ်က ဒီလိုအချိန် မန္တလေးမှာတော့ အာဇာနည်နေ့ကိုဂုဏ်ပြုတဲ့ အလွမ်းမိုးတွေ ရွာနေပါတယ်။ ဒီနေ့ဟာ မှတ်မှတ်ရရ မန္တလေးနဲ့ဝေးကွာခဲ့တာ တစ်နှစ်နဲ့တစ်လ ပြည့်တဲ့နေ့ပါ။ ဒီလိုနေ့မျိုးမှာ အာဇာနည်ခေါင်းဆောင်ကြီးတွေကို သတိရ ၀မ်းနည်းကြေကွဲသလို ကိုယ်နဲ့ဝေးကွာနေတဲ့ ကိုယ့်မြေကိုယ့်ရေကိုလည်း သတိရမိပါတယ်။ ငယ်ငယ်တုန်းကတော့ အာဇာနည်နေ့ဆိုတာ ကျောင်းပိတ်လို့ပျော်နေခဲ့တယ်။ အသက်နည်းနည်းကြီးလာတော့ လေးပြုတာတွေ အာဇာနည်ကြီးတွေကျဆုံးခဲ့တာတွေကို သိလာတယ်။ နောက်ပိုင်းကျတော့ ဘယ်လို ရက်ရက်စက်စက် လုပ်ကြံခံခဲ့ရတယ်ဆိုတာတွေကိုပါ ကျယ်ကျယ်ပြန့်ပြန့်သိလာတော့ စိတ်ထဲမှာ လုပ်ကြံခဲ့တဲ့သူတွေကို စက်ဆုပ်ရွံရှာမိသလို ဖြစ်မိတယ်။ ဒါလည်း လူတိုင်းနီးပါးတော့ ဖြစ်ကြမှာပါ။ အဲဒီအကြောင်းတွေကို ကျွန်တော်ဒီနေ့တွေးတောနေရင်း စိတ်ထဲမှာ ခံစားမိနေတာလေးတွေကို သူငယ်ချင်းတွေကို အသိပေးချင်တယ်ဗျာ။ ကျေးဇူးကန်းခြင်း - "တစ်လုပ်စားဖူး သူ့ကျေးဇူး"ဟု ဆိုပါလျှင် ကိုယ့်တိုင်းပြည်ကို သူ့ကျွန်ဘ၀က လွတ်မြောက်အောင် စွမ်းဆောင်ပေး

Operal - Speed Dial

Speed Dial ဆိုတာကတော့ Opera Browser မှာ ကိုယ်ကြိုက်တဲ့ website တွေကို quick access လုပ်ပေးနိုင်တဲ့ service တစ်ခုပါပဲ။ Tab အသစ်တစ်ခုကို ဖွင့်တိုင်း ဖွင့်တိုင်း အဲဒီ speed dial page လေး ပေါ်လာမှာပါ။ အဲဒီ page မှာ လေးဒေါင့် Thumbnail ကွက်လေး ကိုးခု (3x3) ရှိပါတယ်။ အဲဒီအကွက်တွေထဲမှာ ကိုယ်ကြိုက်တဲ့ website address တွေကို drag and drop လုပ်ပြီး ဆွဲထည့်ထားလို့ရသလို မကြိုက်ရင်လည်း ပြန်လည် ရှင်းလင်းရေးလုပ်နိုင်ပါတယ်။ အဲဒီ အကွက်လေး ကိုးခုကို Control key + 1 ကနေ Control key + 9 အထိ ထိန်းထားပါတယ်။ ပထမဆုံးအကွက်ကို ဖွင့်ဖို့အတွက် ctrl +1 ကို သုံးရပါတယ်။ နောက် အစဉ်အလိုက်အတိုင်းပေါ့။ ဒုတိယအကွက်ဆိုရင် ctrl + 2 ကိုသုံးပြီး ဖွင့်နိုင်ပါတယ်။ တကယ်တော့ Bookmark ပုံစံမျိုးပါပဲ။ ဒါပေမဲ့ browser ဖွင့်တိုင်း ကိုယ်ကြိုက်တဲ့ page ကိုးခုကတော့ အမြဲပေါ်အောင် လုပ်ထားပေးနိုင်ပါတယ်။ speed dial နဲ့ပက်သက်တဲ့ presentation ကိုကြည့်လိုက်ရင် ပိုပြီး နားလည်သွားပါလိမ့်မယ်။ ကျန်းမာပျော်ရွှင်ပါစေ Tags: speeddial , opera speeddial

USB Dancing Robot

ကွန်ပျူတာထဲမှာ သီချင်းတစ်ပုဒ်ကိုဖွင့်ပြီး သီချင်းအလိုက်အတိုင်း Dacne လေးတွေကို ကြည့်ချင်တယ်ဆိုရင်တော့ USB Dancing Robot လေးက ကူညီပါလိမ့်မယ်။ ရောင်းဈေးကတော့ 25$ပါ။ အထူးသဖြင့် Dance တို့ Techno တို့လို Music တွေနဲ့ ပိုမိုလိုက်ဖက်မယ်ထင်ပါတယ်။ မြန်မာသီချင်းကြီးတစ်ပုဒ်ဖွင့်ပြီး Robot ဘယ်လို က မလဲဆိုတာကတော့ စဉ်းစားစရာပါ Robot နဲ့ပက်သက်တဲ့ Description တွေကိုတော့ USBGeek မှာ ဖတ်ရှူ့နိုင်ပါတယ်။ အဲဒီsiteလေးဟာ USB နဲ့ပက်သက်တဲ့ product တွေ Technology တွေကိုပဲ ဦးစားပေးရေးသားထားတဲ့ site တစ်ခုဖြစ်ပြီး products တွေကို Online ကနေလည်းဝယ်ယူနိုင်ပါတယ်။ Tags: usb dancing robot , dancing robot , usb robot

How to access Gmail When it is blocked

ပုံမှန် Login လုပ်နေကျ Address (http://mail.google.com) အစား https://mail.google.com ကို ပြောင်းသုံးကြည့်ပါ။ အဲဒါမှ မရသေးရင်တော့ အောက်ပါ လိပ်စာများကို အသုံးပြုကြည့်ပါ။ http://www.gmail.com or https://www.gmail.com http://gmail.com or https://gmail.com http://m.gmail.com or https://m.gmail.com http://googlemail.com or https://googlemail.com http://mail.google.com/mail/x/ or https://mail.google.com/mail/x/ အထက်ပါ လိပ်စာများနဲ့ အဆင်မပြေရင်တော့ Gmail lite install လုပ်ထားတဲ့ webpage တွေကို အသုံးပြုပါ။ e.g http://psd.boxing.free.fr/gmail/ နောက်ဆုံးနည်းလမ်းအနေနဲ့ email program (eg. MS Outlook) တွေကို Configure လုပ်ပြီး သုံးပါ။ ဘယ်လို Configure လုပ်ရမလဲဆိုတာကိုတော့ Gmail Help Center မှာ Video Tutorial များနှင့်တကွ ၀င်ရောက်လေ့လာနိုင်ပါတယ်။ Outlook 2003 အသုံးပြုသူတွေအတွက် ဘယ်လို Configure လုပ်ရမလဲဆိုတာကို ဒီနေရာမှာ ကြည့်ရှူ့နိုင်ပါတယ်။ ကျန်ခဲ့တဲ့ နည်းလမ်းလေးတွေလည်း ရှိဦးမှာပါ။ ဒါတွေကတော့ ကျွန်တော်သိသလောက်ပါပဲ။ အဲဒီ အထက်ပါနည်းလမ်းတွေနဲ့မှ မရလဲ Gmail ဆိုတာကြီးကို မေ့လိုက်ပါတော့။ Tags: blo

OctroTalk (or) A Window Mobile Version of GTalk

Window Mobile Smart Phone နှင့် Window Pocket PC တို့မှတဆင့် ကိုယ့်ရဲ့သူငယ်ချင်းတွေရှိတဲ့ Gtalk, Yahoo Messenger, MSN/Windows Live, AIM တို့ကို လှမ်းပြီး ဆက်သွယ် (chat and talk) ချင်တယ်ဆိုရင် အသုံးပြုနိုင်တဲ့ application တစ်ခုပါ ။ တစ်ကြိမ်ထဲမှာ သူငယ်ချင်းတွေ မိတ်ဆွေတွေနဲ့ multiple conversation လုပ်နိုင်တဲ့အပြင် p2p (peer-to-peer) file transfer နှင့် folder sharing တွေကိုလည်း လုပ်ဆောင်ပေးနိုင်ပါသေးတယ်။ နောက်ထပ် ကျန်တဲ့ features တွေကတော့ Complete VOIP product. Access to PSTN. Supports Low Bandwidth Codec (even works with EDGE/GPRS/CDMA). Streamlined UI. Optimized for one-handed operation. Today Screen on Pocket PC. Home Screen support for Smartphone. Low CPU usage. Only VOIP product that works on Treo 700w (300 MHz processor). Message Archiving in your GMail Account. Access your computer remotely. Install OctroTalk for Windows on your desktop, and share a folder with OctroTalk on your Mobile. Support for GroupChat/Conferencing. OctroTalk lets you create/join Jabber conference rooms. Be

ရတနာပုံကျောင်းသား နှင့် ကွန်ပျူတာကျောင်းသူ

Multiply.com မှာ Account ဖွင့်ထားတာတော့ကြာပါပြီ။ သိပ်ပြီး မ၀င်ဖြစ်ဘူး။ ဒီနေ့ဝင်ကြည့်တော့မှ invite တစ်ခုကိုတွေ့တယ်။ ကြည့်လိုက်တော့ Myanmar Muzic Group တဲ့။ Accept လုပ်ပြီး ကြည့်လိုက်တာ .. အားပါး .. နည်းတဲ့ Album တွေမဟုတ်ဘူး။ Page ပေါင်း 35 ခု (သီချင်းပေါင်း 3000) လောက်ရှိတယ်။ မြန်မာသီချင်းတွေ သီးသန့်ပါပဲ။ တစ်ချို့ Music Site တွေမှာ မရှိတဲ့ သီချင်းတွေလည်း အဲဒီ site မှာ ရှိပါတယ်။ site ရဲ့ လိပ်စာက http://mmuzicgroup.multiply.com/ ပါ။ ကျွန်တော်လည်း အားရင် သီချင်းတွေပဲနားထောင်တတ်တော့ သီချင်းတွေကို Page တစ်ခုပြီးတစ်ခု လိုက်ရှာတယ်။ အဲဒီမှာ Mandalay Hip Hop Album ဆိုတဲ့ Album ကိုသွားတွေ့တယ်။ ဘယ်သူတွေ ဆိုထားသလဲဆိုတာရယ် သီချင်းနာမည်တွေရယ် မပါဘူး။ Album တွေထဲက တစ်ပုဒ်ပြီး တစ်ပုဒ်နားထောင်လိုက်တာ Track No.13 ကို တော်တော်လေးကြိုက်သွားတယ်။ အထူးသဖြင့် မန္တလေး ရတနာပုံ တက္ကသိုလ်က ကျောင်းသားတွေ ပိုကြိုက်ကြမယ်ထင်ပါတယ်။ ကွန်ပျူတာ တက္ကသိုလ်မှာ ချစ်သူ ရည်းစားရှိနေသူ ဆိုရင်တော့ ပိုပြီး ကြိုက်သွားပါလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတာ သိချင်ရင်တော့ သီချင်းလေးကို နားဆင်ကြည့်လိုက်ပါ

1st July and 7th July

London - HammerSmith Station မှာ ကပ်ထားတဲ့ ကြော်ငြာတွေပါ။ ပထမပုံကတော့ 1st July ကစပြီး Public Area တွေမှာ ဆေးလိပ်သောက်ခွင့် မရှိတော့ဘူး ဆိုတာ သတိပေးထားတာပါ။ ဒဏ်လည်းရိုက်မယ်လို့ ကြော်ငြာထားပါတယ်။ လမ်းတွေမှာတော့ သောက်ခွင့်ရှိပါသေးတယ်။ Club တွေ Station တွေမှာတော့ သောက်ခွင့် မရှိတော့ပါဘူး။ တစ်ဘက်ကပြန်ကြည့်ရင်တော့ ဆေးလိပ်ကြိုက်သူများ နည်းနည်းတော့ ဒုက္ခရောက်တာပေါ့။ ဒုတိယပုံကတော့ ဒီနေ့ရိုက်လာတာပါ။ 7th July မတိုင်ခင်က ကပ်ထားတာလား ပြီးမှ ကပ်တာလားဆိုတာ မမှတ်မိပေမဲ့ 7th July နဲ့တော့ ဆက်စပ်နေပါတယ်။ အခုတလော ဒီနှစ် 7th July ကတော့ London ဗုံးဖောက်ခွဲမှု 2 နှစ်ပြည့်တာပါ။ Security တွေကိုလည်း တိုးပြီးတော့ ချထားတာတွေ့ရပါတယ်။ အထူးသဖြင့် Central London (Zone 1) လို နေရာမျိုးတွေမှာပေါ့ (ဖောက်လို့ ကောင်းတာကိုး)။ ဗုံးကိုကိုများ အဓိက Target ထားတဲ့ ရထားလိုင်းက Central Line ပါ။ ကျွန်တော်လည်း အလုပ်သွား ကျောင်းသွားရင် Central လိုင်းပဲ စီးနေရတာဆိုတော့ ... အင်း ... မျက်ခုံးတော့ ခပ်လှုပ်လှုပ်ပဲ။

လူ့အရည်အချင်း

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) ရေးသားတော်မူသော "အောင်ပွဲဆင်မယ့် ခြေလှမ်းများ နှင့် မထေရ်မြတ်တို့ စကားဝိုင်း (၅)" စာအုပ်မှ ကြိုက်နှစ်သက်မိသော ဒဿနတစ်ချို့ကို မျှဝေလိုက်ပါတယ်။ "သေချင်တဲ့ကျား တောပြောင်း" ဆိုတာ ရှိသလို "တစ်ရွာမပြောင်း သူကောင်းမဖြစ်" ဆိုတာလည်း ရှိတယ်။ "သွားပါများ ခရီးရောက်" ဆိုတာ ရှိသလို "ခရီးသာတွင် ရွာစဉ်မမှတ်မိ" ဆိုတာလည်း ရှိတယ်။ အရေးကြီးဆုံး လူ့အရည်အချင်း ဆိုတာ သူကောင်းဖြစ်အောင် ခရီးရောက်အောင် ဆင်ခြင် လုပ်ဆောင်နိုင်စွမ်းပဲ။

တ၀က်ပြည့်နေသလား ... လျော့နေသလား

ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ) ရေးသားတဲ့ "စိတ်နှလုံး ရွှင်လန်းစေဖို့" စာအုပ်မှ ကြိုက်နှစ်သက်မိတဲ့ စာသားလေးတွေ အတွေးအခေါ်လေးတွေကို ပြန်ပြီး မျှဝေလိုပါတယ်။ ရေခွက်ထဲမှာ ရေတ၀က်ထည့်ထားတာ မြင်တဲ့အခါ တစ်ယောက်က "ရေခွက်ထဲမှာ ရေတ၀က် လျော့နေတယ်" လို့မြင်တယ်။ နောက်တစ်ယောက်က "ရေခွက်ထဲမှာ ရေတ၀က် ပြည့်နေတယ်"လို့ မြင်တယ်။ ဘယ်သူ့အမြင် မှန်သလဲ၊ နှစ်ယောက်လုံး မှန်ပါတယ်။ ဒါပေမယ့် "ရေခွက်ထဲမှာ ရေတ၀က်ပြည့်နေတယ်"လို့ မြင်တဲ့သူက အကောင်းမြင်တတ်လို့ စိတ်ချမ်းသာတယ်။ "ရေခွက်ထဲမှာ ရေတ၀က် လျော့နေတယ်"လို့ မြင်တဲ့သူက အဆိုးကိုမြင်လို့ စိတ်မချမ်းသာဘူး။ ရသလောက်ကိုလက်ခံပြီး နောက်ထပ်ရဖို့ ဆက်ကြိုးစားသင့်တယ်။ အခုရသလောက်ကို စိတ်မချမ်းသာတဲ့သူဟာ နောက်ထပ်ရလာလဲ တကယ်စိတ်ချမ်းသာနိုင်မှာ မဟုတ်ဘူး။ "လောဘရဲ့ သဘာဝဟာ ဘယ်လောက်ရရ နဲသေးတယ် ထင်တာပဲ။" ခွက်အပြည့် ရလာရင်လဲ ခွက်ကြီးကြီးထဲပြောင်းပြီး လောင်းထည့်လိုက်ရင် တ၀က်ရှိမှာပဲ။ ထည့်တဲ့ခွက်က ပိုကြီးလာလေ ပြည့်ဖို့မလွယ်လေပဲ။ ရသလောက်နဲ့ စိတ်ချမ်းသာအောင် နှလုံးသွင်းပြီးတော့ နောက်ထပ် ရနိုင်သလောက် စိတ်ချမ်းချမ်းသာသာနဲ့ ကြိုးစားနိုင်မှေ

ဝမ်းနည်းကြေကွဲခြင်း

သူငယ်ချင်း နိုင်နွေးအောင်၊ ကိုနောင်တို့၏ ချစ်လှစွာသောမိခင် (ဒေါက်တာ ဒေါ်သန်းမေစီ) သည် စနေနေ့ (၃၀ရက်) တွင် ဘ၀တစ်ပါးသို့ ကူးပြောင်းသွားကြောင်း သိရသည့်အတွက် မိသားစုနှင့်အတူ ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါတယ်။

Using "site" Query modifier in Google Search

site: If you include [site: ] in your query, Google will restrict the results to those websites in the given domain. For instance, [help site:www.google.com] will find pages about help within www.google.com. [help site:com] will find pages about help within .com urls. Note there can be no space between the "site:" and the domain. [ more ] Website တစ်ခုထဲကို အတွင်းကျကျ နှိုက်ပြီး လိုချင်တာ ရှာဖွေချင် တဲ့အခါ "site" Query Modifier က တော်တော်လေးအသုံးဝင်ပါတယ်။ အင်တာနက်မှာဆိုရင် rapidshare.com တို့ megaupload.com တို့မှာ File တွေ Application တွေ Software တွေ သီချင်းတွေ တော်တော်များများ Upload လုပ်ကြတယ်။ အဲဒီထဲမှာမှ ကိုယ်လိုချင်တဲ့အရာတစ်ခုခုကို ရှာချင်တယ်ဆိုရင် ဒီ Que ry Modifier ကို အသုံးပြုနိုင်ပါတယ်။ ဥပမာ ... ကျွန်တော်အခု Kaspersky Antivirus ကို လိုက်ရှာနေတယ် ဆိုပါစို့။ rapidshare.com မှာ သူများတွေ sharing လုပ်ထားကြတာတွေ သေချာပေါက်ရှိတယ်။ ဒါပေမဲ့ download လုပ်ရမည့် add/url ကို မသိဘူး။ အဲဒါကြောင့် Google မှာ ဒီလိုရို

ခေါင်းစဉ်မရှိပါ

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကစပြီး Colindale ဘုန်းကြီးကျောင်းမှာ ရောက်နေခဲ့တာ ဒီနေ့မှပဲ ပြန်ရောက်တော့တယ်။ ။ တနင်္ဂနွေနေ့က အလုပ်ပြီးပြီးချင်း ဘုန်းဘုန်းဆီရောက်တော့ အန်တီစုမွေးနေ့ ကျင်းပမယ်လို့ သိရတယ်။ အဲဒါနဲ့ လိုက်သွားပြီး လုပ်အားပေးလိုက်တယ်။ အန်တီစုကိုချစ်သူများ နှင့် လေးစားကြသူများ တော်တော်များများ တက်ရောက်ကြပါတယ်။ အဲဒီနေ့က သံရုံးမှာလည်း ခင်မောင်တိုးတို့အဖွဲ့ ဖျော်ဖြေတဲ့ပွဲ လုပ်ကြပါတယ်။ ပထမဆုံးအနေနဲ့ ဘုန်းဘုန်းက အခမ်းအနားမှာ နမောတသ သုံးကြိမ်ရွတ်ဆိုပြီး အန်တီစုအတွက် ဆုတောင်းတွေကိုရှေ့ကနေ တိုင်ပေးတယ်။ စိတ်ထဲမှာတော့ တစ်မျိုးပဲဗျာ။ ၀မ်းနည်းသလိုလို စိတ်မကောင်းဖြစ်မိသလိုလိုတော့ ခံစားရတယ်။ နောက် ... ကျန်တဲ့ ဘာသာဝင်များကလည်း သူတို့ ဘာသာအလိုက် အန်တီစုအတွက် ဆုတောင်းပေးကြတယ်။ ဆုတောင်းပေးတဲ့ စကားတွေဟာ ရင်ထဲမှာ အရမ်းထိတယ်။ အရိုးသားဆုံး ၀န်ခံရရင် ကျွန်တော်စိတ်မကောင်းဖြစ်မိပြီး မျက်ရည်တောင် ၀ဲမိတယ်။ ၁၉ နှစ်လုံးလုံးဗျာ ... ။ အဲဒီနောက်မှာတော့ တီးဝိုင်းနဲ့အတူ အန်တီစုအတွက် အမှတ်တရတေးများ ဂုဏ်ပြုတေးတွေကိုသီဆိုကြတယ်။ တစ်ချို့သီချင်းတွေကို နားစဉ်မိတဲ့အခါ ကြက်သီးထပြီး စိတ်တွေကြွလာသလို စိတ်မကောင်းလည်း ဖြစ်မိတယ်။ လှော

Speed Painting by Nico Di Mattia

Photoshop မှာပါတဲ့ Brush Tool တစ်ခုတည်းကိုပဲ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုပြီး ဆွဲသွားတာပါ။ သူရဲ့ Brush အသုံးပြုမှု skill ကတော့ တကယ့်ကို အံ့မခန်းပါပဲ။ Tags: brush skill , photoshop brush , speed painting

အိပ်ကြသည် ဆိုရာဝယ်

London Underground ပေါ်မှာ လူတွေ နည်းအမျိုးမျိုးနှင့် အိပ်ကြပါတယ်။ မတ်တတ်ရပ်လည်း အိပ်ကြတယ်။ ထိုင်ပြီးတော့လည်း အိပ်ကြတယ်။ မှီပြီးတော့လည်း အိပ်ကြတယ်။ အထူးသဖြင့် ညနေပိုင်း ရုံးဆင်းချိန်တွေမှာ ပိုပြီး တွေ့ရတတ်ပါတယ်။ တစ်နေကုန် ပင်ပန်းလာသမျှ ရထားထဲမှာ ဂျုံးဂျုံးဂျက်ဂျက် အသံလေးနဲ့ ငြိမ့်ကြတာပေါ့။ မနက်ပိုင်းတွေမှာလည်း တွေ့ရတတ်ပါတယ်။ ဘာလို့လည်းဆိုတော့ ညပိုင်း အလုပ်လုပ်တဲ့သူတွေက မနက်ပိုင်းရောက်မှ ရထားစီးပြီး ပြန်ကြတာလေ။ အဲဒီတော့ ၁၅မိနစ်ရလည်း နည်းသလားဆိုပြီး ရသလောက်အချိန်လေး အိပ်ကြတယ်။ တစ်ခါတလေ အိပ်တာလွန်ပြီး station ကျော်သွားလို့ ပြန်ပြီး စီးရတာတွေလည်းရှိတယ် (မောင်CMS အပါအ၀င်ပေါ့) အခုလည်း ရထားပေါ်မှာ ကျွန်တော် တွေ့ရသလောက် လျှက်တပြတ် မှတ်တမ်းတင်ထားလိုက်တယ်။ အသိတွေများ ဖြစ်နေရင်တော့ ခွင့်လွှတ်နိုင်ကြပါစေသတည်း ... ဟိဟိ ... ကိုယ့်အလှည့်ကြမှ ဘယ်သူချောင်းပြီး ရိုက်မလဲ မသိဘူး ဓာတ်ပုံ ရိုက်မှန်းသိလို့ တမင်တကာ ပဲ ပေးပြီး အိပ်နေတာလားမသိဘူး ဟေ့လူ ... ထ ... ထ ... station ကျော်သွားပြီ London Underground နဲ့ ပက်သက်ပြီး စိတ်ဝင်စားစရာတွေကို တော့ အောက်ပါ Link များမှာ သွားရောက် ဖတ်ရှူ့နိုင်ပါတယ်။ Tube Diary blog

မိုး သီချင်းများ

မိုးနဲ့ပက်သက်တဲ့ သီချင်းများကို ရနိုင်သမျှ စုစည်းပေးလိုက်ပါတယ်။ မိုးနဲ့ပက်သက်၍ ကျန်ရှိနေသေးသော (သို့) မျှဝေပေးလိုသော သီချင်းများရှိခဲ့ရင်လည်း comment ပေးခဲ့နိုင်ပါတယ်။ သီချင်းများ နားဆင်ရင်း အပန်းဖြေ ပျော်ရွှင်နိုင်ပါစေ မိုးရာသီထဲ - Lဆိုင်းဇီ မိုးလေးဖွဲတုန်း - မျိုးကျော့မြိုင်၊ ထွန်းအိန္ဒြာဗို ၀မ်းနည်းမှတ်တမ်း - စိုင်းစိုင်းခမ်းလှိုင် အချစ်မိုး - ဂျေညီညီ မေမြို့မိုး - စိုင်းထီးဆိုင် မေဦးမိုး - ရင်ဂို ဒီမိုး - ဂျေညီညီ အခါလွန်မိုး - ထူးအိမ်သင် အလွမ်းမိုးစက်များ - အဲလက်စ် ထစ်ချုန်းမိုး - ဇော်ဝင်းထွဋ် ဇူလိုင်မိုး - ဆောင်းဦးလှိုင် မိမိုးကို - အဲလက်စ် မိုး - ထွန်းအိန္ဒြာဗို မိုးမျှော်သူ - စံလင်း မိုးနဲ့အတူငိုနေမယ် - မေစံပယ်ညို မိုးည - ခရီးသွားငါးယောက် မိုးသည်းထဲမှာ - ၀ိုင်ဝိုင်း မိုးသည်းထဲမှာ ပုန်းရှောင်သူ - NGIIK မိုးရာသီအလွမ်း - XBanana တစ်ခါတုန်းက - ရသ မိုး - ကျော်သူစိုး၊ Rဇာနည် မိုးနဲ့မျက်ရည် - ရဲလေး မိုးပြေးလေး - YoYo မိုးပြေး - ခင်ဘုန်း ရွာသာရွာပါမိုး - ဖြိုးကြီး၊ ငယ်ငယ် မိုးသက်တင်လေ - လွှမ်းမိုး ရွာမယ်ဆိုရင်လေ - မီမီဝင်းဖေ (ဒဏ္ဍာရီသီချင်းများမှ) မိုးသီချင်း - N

19 June - June 19

ဘာလိုလိုနဲ့ ငါချစ်တဲ့လူတွေ ငါမြတ်နိုးတဲ့နေရာတွေနဲ့ ဝေးနေခဲ့တာ တစ်နှစ်ပြည့်သွားပြီ။ လွန်ခဲ့တဲ့နှစ်က ဒီလိုနေ့ ဒီလိုအချိန်တွေမှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေကို မျက်စိထဲ စိတ်ထဲမှာ ပြန်မြင်ယောင်နေမိတယ်။ ကုန်ဆုံးခဲ့တဲ့ တစ်နှစ်ဆိုတဲ့ အချိန်တွေကြားမှာ ငါဟာ အကျိုးရှိတာတွေလုပ်ခဲ့တဲ့ အချိန်တွေရှိသလို အကျိုးမရှိ အရည်မရ အဖတ်မရ လုပ်ခဲ့တဲ့တာတွေလည်း ရှိခဲ့တယ်။ ငါ့ကိုယ်ငါ စဉ်းစားဆင်ခြင်သင့်တယ်။ "ပြောမှသိ ထိမှနာ သာမှနေ သေမှခင်" အဲလိုဖြစ်နေရင်တော့ ငါဟာ ... ။ အင်း ... ပျှမ်းမျှခြင်းကို ကြည့်လိုက်ရင် ငါ မတိုးတက်သေးပါဘူး။ လွင့်မျောနေမိတဲ့ စိတ်တွေနဲ့အတူ ... ခင်ဝမ်း ဆိုထားတဲ့ "ဆယ်လမွန်ငါးတို့အပြန်" သီချင်းလေးကို နားစဉ်နေရင်းနဲ့ အတွေးတွေ နယ်ချဲ့နေမိတယ်။ ဒီသီချင်းလေးကို ကိုအော်လံမောင် အဓိပ္ပယ်ဖော်ထားတာကိုလည်း သဘောကျမိတယ်။ စာသားလေးတွေက အရမ်းလေးနက်ပြီး အဓိပ္ပာယ်ရှိလှပါတယ်။ ပြန်ပြီး မျှဝေချင်ပါတယ်။ ဆယ်လမွန်ငါးတို့အပြန် ရေး/ဆို - ခင်ဝမ်း ရေလွှာလည်း ခင်းပျံ့ကြည်လင်စေ ၊ မိုးဦးလည်းလှပ သာယာစေ ဘ၀စေရာ တာဝန် ၊ ကျေပွန် ဆောင်ရွက်ခဲ့သူတို့ ၊ ရေစုန်ကို ဆန်ကာ ပြန်ခဲ့ပြီ မိုးဦးရေဆန် မိုးဦးရေဆန် ၊ ဆယ်လမွန်ငါးတို့